တိရစ္ဆာန်တွေနဲ့ သူတို့ရဲ့အသံတွေကို အင်္ဂလိပ်လို လက်ရေးလေးနဲ့ တတ်သလောက် ငယ်ငယ်က ရေးခဲ့ဖူးတယ်။ အဲဒီစာအုပ်လေးကို ဟိုနေ့က ကားဂိုဒေါင်ထဲက ဗီဒိုတစ်လုံးထဲမှာ ပြန်တွေ့လိုက်တော့ စာရင်းက မပြည့်စုံသေးဘူးဆိုတာရယ်၊ ဒီထက်ပိုပြီး သိချင်လာတာရယ်၊ နောက်ပြီး အားလုံးနဲ့ဝေမျှချင်တာနဲ့ အင်တာနက်ပေါ်မှာ ရှာတော့ လွယ်လွယ်ကူကူနဲ့ပဲ ဝီကီမှာ ရှာတွေ့ပါတယ်။
Cicadas တို့ ငှက်တို့ဆိုရင် chirp လို့သုံးမယ်၊ နွား ဆိုရင် moo, low လို့ သုံးမယ်၊ Coyotes (ခွေးအ) ဆိုရင် yelp, cry, snarl ၊ ပုရစ်ဆိုရင် chirp, creak အဲသလိုပါ…။
မြန်မာမှာလည်း ခွေးဆိုရင် ဟောင်မယ်၊ ဌက်ဆိုးဆိုရင် ထိုးမယ်၊ အဲသလိုပေါ့နော်…။
ဒါပေမယ့်လည်း ကဗျာဆရာတွေ စာဆိုရှင်တွေကတော့ ကဗျာဆန်ဆန်၊ စာဆန်ဆန်နဲ့ ခွေးဟောင်သံလို့ သုံးမယ့်အစား ခွေးတစ်ကောင်ရဲ့ လေချွန်သံ လို့ သုံးချင်လည်း သုံးကြပါလိမ့်မယ်။
ဆိုလိုချင်တာကတော့ အင်္ဂလိပ်စာ သင်ယူနေတဲ့ လူငယ်တွေတွက် မလေး ရှာဖွေစုဆောင်းထားတာလေးထက် ပိုမိုကောင်းမွန်တဲ့ ဝီကီကစာရင်းလေးကို ဝေမျှခြင်းပဲ ဖြစ်ပါတယ်ရှင်။
မြန်မာလိုလည်း ဖြစ်နိုင်ရင် လိုချင်ပါတယ်။ လင့်ခ်လေးများ မျှဝေလိုသူများရှိရင်ကောင်းပါမယ်။
ဥပမာ…
လူ - ငို၊ ရယ်၊ အော်၊ လေချွန်၊ တိုးတိုး၊ ညည်း၊ မြည်တမ်း (လူကတော့ အကုန်လုပ်နိုင်တယ် ထင်တယ်း)) )
ခွေး - ဟောင်၊ အူ
ချေ - တောက်
ငှက် - တွန်၊ မြည်
မိချောင်း -
ရေဖျံ -
သမီးလေးကို သင်ပေးချင်တာကော၊ ကိုယ်တိုင်သင်ယူလိုတာကော ဖြစ်ပါတယ်ရှင်။
အင်္ဂလိပ်လို စာရင်းကတော့ အောက်မှာပါရှင်…
(ဆက်ဖတ်ရန်…)
ချစ်သူ့အိမ်ရှေ့ကို ချစ်သူ မသိပါဘဲနဲ့ အခါပေါင်းများစွာ လျှောက်ခဲ့ဖူးတယ်။
အဲဒီ့ချစ်သူ့အိမ်လေးတည်ရှိရာ လမ်းကလေးထဲကို နှစ်တွေအများကြီး အကြာမှာ တစ်ခေါက် ပြန်ရောက်ခဲ့တယ်။
(ဆက်ဖတ်ရန်…)
ဒီနေ့ ကြေးမုံသတင်းစာမှာ ပါတဲ့ စာမူလေးပါ…
(ဆက်ဖတ်ရန်…)
တိရိစ္ဆာန်ရုံဆိုတာနဲ့ မလေးတစ်ယောက်တော့ တိရိစ္ဆာန်ရုံအကြောင်းရေးတော့မယ်လို့ ထင်ကြတော့မယ်ထင်ပါတယ်။ ဒါပေမယ့် အခုတော့ မရေးသေးပါဘူး။
(( လူတွေကို တိရိစ္ဆာန်တွေရဲ့အပြုအမှုတွေနဲ့ နှိုင်းယှဉ်ရေးသားလေ့ရှိတဲ့ စာတွေကို မလေး သဘောကျတယ်။ လူတွေရဲ့ အခြေခံရုပ်တွေကလည်း တိရစ္ဆာန်အချို့နဲ့ သွားတူနေတတ်တယ်။ ဥပမာ.. သမ္မတဂျော့ဘွတ်ရှ်ဆိုရင် မျောက်ရုပ်အခြေခံရှိတယ်။ ဆာရာဂျက်စီကာပါကာဆိုရင် မြင်းရုပ်အခြေခံရှိတယ်။ အဲသလိုပဲ လူတွေရဲ့ အပြုအမူတွေဟာလည်း တိရစ္ဆာန်တွေရဲ့ အပြုအမူတွေကို အခြေခံနေတာမျိုးကိုလည်း မြင်ရတတ်တယ်။
ဒီဘက်နိုင်ငံတွေမှာ တိရစ္ဆာန်တွေနဲ့ နှိုင်းရင် သိပ်ပြီးမကျေမနပ်ဖြစ်ကြတာမျိုးကို မတွေ့ရတတ်ဘူး။ ငယ်ငယ်တုန်းကဆိုရင် ရုပ်ရှင်တွေထဲမှာ လူဆိုးလူမိုက်တွေကို “ခွေးကြီး” “နွားကြီး” စသဖြင့် အော်ဟစ်လက်ညှိုးထိုးတတ်တယ်။ အဲဒါဆိုရင် သိလိုက်ပြီ။ တိရစ္ဆာန်နဲ့ နှိုင်းခံထိသူဟာဖြင့် လူဆိုးလူမိုက်ပဲ ဆိုတာကိုပါ။ ဒီဘက်တွေမှာတော့ သားသမီးကိုအမွေမပေးဘဲ၊ အိမ်ကခွေးကို အမွေပေးတဲ့အဖြစ်တွေဟာ မဆန်းတော့တဲ့ အဖြစ်တွေဖြစ်တဲ့အပြင်…. “ဒီနေ့တော့ဖြင့် မင်းကိုကြည့်ရတာ.. မင်းအိမ်ကခွေးမလေးနဲ့ တူတယ်နော်၊ လည်စည်းလေးနဲ့” လို့ သူငယ်ချင်းတစ်ယောက်ယောက်ကို ပြောမိရင် အပြောခံရတဲ့ သူငယ်ချင်းဟာ စိတ်မဆိုးတဲ့အပြင် မျက်နှာကြီးဖြီးပြီး ပိုပြီးပျော်နေတတ်ဦးမှာဖြစ်ပါတယ်။ ပြောသူရဲ့ ရင်ထဲကဆိုလိုရင်းနဲ့ ခံယူသူတွေရဲ့ ယဉ်ကျေးမှု အခြေခံတွေပေါ်မှာ မူတည်ပြီး တိရစ္ဆာန်နဲ့ နှိုင်းခံရတဲ့အခါ နာခြင်း-သာခြင်း ခံယူချက်တွေက ကွဲလွဲကြပါလိမ့်မယ် ))
(ဆက်ဖတ်ရန်…)
အုတ်တံတိုင်းဆိုတာ အကာအရံ၊ နယ်မြေသတ်မှတ်ခြင်းတစ်ခု၊ ဒါမှမဟုတ် တစ်စုံတစ်ဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုကို တန့်ထားစေတဲ့ အရာတစ်ခု။
အဲဒီ အုတ်တံတိုင်းဆိုတဲ့ အကာအရံတွေဟာ ကိုယ်ပိုင်ဆိုင်မှုအပေါ်မှာ မူတည်ပြီးတော့လည်း ခမ်းနားကြီးကျယ်တတ်ကြသေးပါလား။ တစ်ခါတစ်ရံမှာလည်း အကာအရံတွေဖြစ်တဲ့ ကိုယ်တိုင်ဆောက်လုပ်တဲ့ အုတ်တံတိုင်းတွေနောက်မှာ ကိုယ်ကိုတိုင်ပဲ အကျဉ်းကျခံနေရတတ်ကြသေးတယ်။ ဒါကိုလည်း သိချင်မှ သိတတ်ကြလိမ့်မယ်၊ ဒါမှမဟုတ်လည်း ဒါကိုကျေနပ်ဂုဏ်ယူနေတတ်ကြဦးမယ်။ အုတ်တံတိုင်းတွေ မလိုအပ်တဲ့ လူ့အသိုင်းဝိုင်းတွေကလည်း ဒီကမ္ဘာမှာ ရှိနေတတ်နေဦးမယ်။
♫ ♥●••·˙ ** ˙·••●♥♫♫ ♥●••·˙ ** ˙·••●♥♫♫ ♥●••·˙ ** ˙·••●♥♫
(ဆက်ဖတ်ရန်…)
ဟော…
ရှင်.. ပြန်လာတော့မယ်…။
(ဆက်ဖတ်ရန်…)
မနက်ဖြန် မိုးလင်းတဲ့အခါ ပတ်ဝန်းကျင်တစ်ခုလုံးဟာ ဖွေးဖွေးဖြူနေလိမ့်မယ်…
အဲဒီအခါကျရင် မင်းစောင့်နေတဲ့ နေရာလေးကို
လာခဲ့မယ်…..။
တောတွေကိုဖြတ်ပြီး…
တောင်တွေကိုကျော်လို့…
မင်းရှိရာအရပ်ကို လာခဲ့မယ်…
မင်းနဲ့အဝေးကြီးမှာ
မနေနိုင်တော့လို့ကွယ်..။
(ဆက်ဖတ်ရန်…)



ဒေစီပန်းရိုင်းတွေ လှိုင်လှိုင်ပွင့်တဲ့
ဟောဟိုက ကွင်းပြင်စိမ်းကြီးထဲ
ငယ်စဉ်ကလေးဘဝတုန်းကလို
ကိုယ်…
ပြေးလွှားကြည့်ခဲ့တယ်…။
အဆုံးအစမဲ့ ကွင်းပြင်ကြီးထဲက
လက်သည်းမဲ့ ပန်းပွင့်တွေဟာ
ပုလဲလုံးတွေ ကြဲပျံ့နေသလို
ရင်ခုန်စရာကောင်းလွန်းလှတယ်…။

(ဆက်ဖတ်ရန်…)

((အခုတစ်လော ဘာစာမှ သိပ်မရေးနိုင်လို့ရယ်.. အသစ်လာလာရှာသူတွေကို အားနာဦးဆိုသူများအတွက်ရယ်… ရွှေဒေါင်းတောင်မှ အက်ဆေးလေးကို ဆားချက်ခွင့်ပြုပါ… လို့.. :)) ))
♫ ♥●••·˙ …. ·••●♥♫♫ ♥●••·˙ …. ·••●♥♫♫ ♥●••·˙ …. ·••●♥♫
နှင်းမှုန်ကလေးတွေ တဖွဲဖွဲကျနေတဲ့ ညချမ်းတစ်ခု…။ တီဗွီဖန်သားပြင်ပေါ်မှာ အသံလွှင့်လှိုင်းတွေကို ဟိုပြောင်းဒီပြောင်း… ပြောင်းလို့ကြည့်နေတုန်း စကျင်ကျောက်နဲ့ထွင်းထားတဲ့ ရုပ်ထုလေးတစ်ခုကို ဖျတ်ကနဲလှမ်းမြင်လိုက်တယ်..။
“တဏှာနောက်ကိုလိုက်ရင် နောက်ဆုံးတော့ ဘာမှကို မရတတ်ဘူးဆိုတာ လူတွေ တရားရအောင်….”
ဇာတ်ကြောင်းပြောနေသူရဲ့ စကားသံကိုလည်း ကြားလိုက်မိတယ်။
အဲဒီအချိန်မှာ လက်ကခလုပ်နှိပ်တာမြန်တော့ အခြားအသံလွှင့်လှိုင်းကိုရောက်နေပြီ။ ဖျတ်ကနဲမြင်လိုက်ရပေမယ့် ရုပ်ထုလေးက ဆွဲဆောင်မှု အားကောင်းလွန်းလို့ရယ်၊ ဇာတ်ကြောင်းပြန်သူရဲ့စကားကို စိတ်ဝင်စားသွားလို့ရယ်… အဲဒီအသံလွှင့်လိုင်းကို ပြန်ရှာပေမယ့် မမှတ်မိတော့ဘူး။
ဘယ်လိုမှ ပြန်ရှာလို့ မရတော့ဘူး။
ရင်ထဲမှာ အမျိုးအမည်မသိတဲ့ ခံစားချက်တစ်ခု ဖြစ်လို့သွားတယ်..။
နောက်ရက်တော်တော်များများထိ အဲဒီရုပ်ထုလေးကိုပဲ မျက်စိထဲမှာ မြင်ယောင်နေမိတော့တယ်။
“တဖြည်းဖြည်းသူ့အနားရောက်တော့ရင် ♪ ♫ ♪ ♫♪ အမြင်သစ်အတွေးသစ်ခင်မင် ♪ ♫ ♪ သံသရာအငွေ့ထင်♪ ♫ အနီးအဝေး ရှုတိုင်းလှတဲ့ခင် ♪ ♫ ♪ ♫♪ ဆုတောင်းကောင်းတဲ့အပျိုစင် ဆိုစရာအပြစ်မမြင်♪ ♫ ♪ ♫♪” …
ဆိုတဲ့ မန္တလေးဦးဘသိန်း ရဲ့ “ပန်းပုသူဇာခင်” တေးလက်ရာလေးထဲကလို ဒီရုပ်ထုလေးနဲ့ပတ်သက်လို့ တအုံနွေးနွေး ခံစားနေရတယ်။
(ဆက်ဖတ်ရန်…)
♡♥♡♥ သွေ့လွင်ပြင်
ရွေ့လျားမြုပ်တိမ်၊ ပန်းဆွတ်ချိန်လည်း
မှေးမှိန်မှုန်ရီ၊ ကုန်ခဲ့ပြီတည့် ♡♥♡♥
(တဂိုး)
အေးမြသော ကျောက်သားပြင်ဖြူဖြူဖွေးပေါ်သို့ အမည်မသိပန်းကလေးများ တိုးတိတ်စွာ ကြွေကြလာချိန်တွင်မတော့၊ ကျိုက်ကလို့စေတီအနောက်ဘက် တောအုပ်အုပ်ခင်တန်းထဲသို့ နေလုံးနီနီကြီးက တိုးဝင်ပျောက်ကွယ်ရန် ဟန်ပြင်လေပြီ။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဆည်းလည်းခတ်သံတို့နှင့်အတူ ဘုရားတန်ဆောင်းများကြားထဲက အိပ်တန်းဝင်ငှက်တို့၏ ခပ်တိုးတိုးငိုညည်းသံတွေ။
ညောင်ရွက်တို့ကြားထဲ ညနေခင်းလေပြေပွတ်တိုက်သွားသံ၊ တန်ဆောင်းဘေးက ဘုရားခွေးတို့ကို အစာခေါ်ကြွေးသံ၊ ဘုရားရင်ပြင်ပေါ်မှာ ပြေးဆော့နေကြသော ကလေးလေးများရဲ့ သော့သော့ညှင်း ရယ်မောသံတို့က၊ သာယာညင်းပျောင်းသော စမ်းရေစီးထဲက ပလုံစီထနေသော ပူပေါင်းကလေးများ တဖောက်ဖောက် ပေါက်သွားသံနှယ်။
(ဆက်ဖတ်ရန်…)
မြန်မာပြည်ရဲ့ လှပတဲ့ ကမ်းရိုးတန်းတွေ၊ သောင်ပြင်တွေ၊ နောက်ပြီး ပုဂံလို ကြိုက်ထီးရိုးလို နေရာတွေမှာ ကမ္ဘာလှည့်ခရီးသည်တွေဟာ ကင်မရာတွေနဲ့ နေဝင်၊ နေထွက်တွေကို ဒုက္ခခံပြီး ကြည့်ကြ ဓာတ်ပုံရိုက်တတ်ကြပါတယ်။ အထူးသဖြင့် အအေးပိုင်းတိုင်းပြည်ကလူတွေနဲ့ နက္ခတ်တာရာတွေကို စိတ်ဝင်စားတဲ့ သူတွေအတွက်က မြန်မာပြည်လို နေရာမျိုးဟာ အလွန်စိတ်ဝင်စားဖွယ်နေရာဖြစ်ပါတယ်။ ကျမ မြန်မာပြည်ကို ရောက်တိုင်းလည်း နေဝင်တာနဲ့ နေထွက်တာကို ဓာတ်ပုံရိုက်ဖြစ်အောင်တော့ ရိုက်တယ်။ အထူးသဖြင့် ကျိုက်ကလို့ ကျိုက်ကလဲ့ဘုရားတွေပေါ်က နေဝင်တာကို ဘာရယ်မဟုတ် နှစ်သက်မိတယ်။
မြန်မာပြည်ရဲ့ကောင်းကင်ပြင်ဟာ အများအားဖြင့် ကြည်လင်နေတာများတယ်။ ညချမ်းတွေမှာ ဘုရားတွေပေါ်မှာ ဆည်းလည်းသံလေးတွေကို နားဆင်ပြီး၊ လေတဖြူးဖြူးကြားက ကောင်းကင်ကို မော့ကြည့်ရတာလောက် သာယာငြိမ်းချမ်းတာ မရှိပါဘူး။ ဒီလိုညကောင်းကင်ယံမျိုးကို မြင်ချင်လွန်းလို့ ဒီဘက်ကလူတွေဟာဆိုရင် နွေရောက်ဖို့ကို လည်ပင်းရှည်မတတ်မျှော်ရပါတယ်။ တောင်ပေါ်ကိုခရီးသွားရမယ်၊ အလင်းရောင် သိပ်များတဲ့ မြို့ပြနဲ့ဝေးရာကို ကားတစ်စင်းနဲ့ ၂နာရီလောက် မောင်းရင်လည်း မောင်းရတတ်ပါတယ်။
နောက်တစ်ခုက ပန်းနုရောင်သန်းတဲ့ နေဝင်ဆည်းဆာ။ အဲဒါကို Venus Belt လို့ခေါ်ပါတယ်။ အဲသလို ညနေနေဝင်ရီတရော ကောင်းကင်က အပြာရင့်နု ခရမ်း ပန်းရောင် ရောယှက်သန်းနေတာမျိုးကို မြန်မာပြည်မှာက ညနေတိုင်းလိုလိုကို မြင်ရတတ်တော့ ဘယ်သူကမှတောင် ဂရုမစိုက်တော့ပါဘူး။ ဒီဘက်မှာတော့ နွေကူး နဲ့ နွေရာသီတွေမှာ မြင်ရတတ်ပါတယ်။ မြန်မာပြည်မှာကတော့ ကောင်းကင်မှာ ကြယ်တံခွန်ဖြတ်သွားနေလား၊ ကြယ်ကြွေနေလား၊ ဥက္ကာပျံနေလား အေးအေးဆေးဆေးကြည့်နိုင်ဖို့ရာ ရာသီဥတုက အခြေအနေပေးရုံ မကပါဘူး၊ light pollution အလွန်နည်းတဲ့အတွက် နက္ခတ်တာရာတွေကို စိတ်ဝင်စားသူတွေအတွက်ကတော့ ရင်ခုန်စရာ ညတွေပါပဲ။

ဒါပေမယ့် အဲဒါတွေကို ဘယ်သူကမှ သိပ်ရင်မခုန်တာကိုလည်း တွေ့ခဲ့ရပါတယ်။ ကိုယ်တစ်ယောက်သာလျှင် ညည ကြယ်တွေကို ချောင်းချင်လို့ ဘုရားပေါ်က လူရှင်းတဲ့နေရာလေးတွေနားကို သွားပေမယ့်လည်း၊ အခြား မမြင်မတွေ့သင့်တာတွေနဲ့ တွေ့လာတာနဲ့ ခဏခဏ ပြန်ပြန်လှည့်လာရပါတယ်။
(ဆက်ဖတ်ရန်…)
ယခုတလော ကျွန်ုပ်တို့ မြန်မာများ ပျော်ရွှင်စွာ ကျင်လည်ကျက်စား ချစ်ခင်မွေ့လျော် ရင်ခုန်တမ်းတ စိတ်တိုရန်ဖြစ် အံကြိတ်ပေါက်ကွဲ ဒေါသဖြစ်ခြင်း အဖုံဖုံစုစည်းရာ.. ဖွဘုတ်ခေါ်သော အရပ်ဒေသတစ်ခုလေးတွင်၊ လူအချို့.. မထွေးနိုင်မအန်နိုင် မရိုးနိုင်မအီနိုင် ဖြစ်နေကြသော အကြောင်းရင်းများစွာထဲက အကြောင်းတစ်ခုကြောင့် အနှီစာကို ရေးဖြစ်ပေတော့သည်။
(ဆက်ဖတ်ရန်…)
ခရေနဲ့…. ရာပြည့်.. (သို့) ပျံသူငှက်ခါးကို လွမ်းနေရတဲ့ ခရေ…
ခရေနဲ့ ခိုင်ထူး… (သို့မဟုတ်) လွမ်းရေးခက်တဲ့ ခရေ
(ဆက်ဖတ်ရန်…)
Summit parkview, Sedona, My Garden,
လျှပ်စစ်တွေလွှတ်ထားတဲ့ ခြံစည်းရိုးတွေနောက်က အိမ်အချို့..
အဲလိုနေရာတွေလောက်ရောက်ပြီး
လေယာဉ်ပေါ် ပျံတက်သွားရုံနဲ့
မြန်မာပြည်ကို
မရောက်ဖူးသေးပါဘူး…..။
(ဆက်ဖတ်ရန်…)

အစိမ်းရောင် တောက်တောက်တွေကြားမှာ
ငုံ့လျှိုးမှုန်တေနေတဲ့
အဲဒီ စွယ်တော်ရွက်တွေဟာ
အစိမ်းနုလေပြေကြားမှာ
တိတ်တခိုးလည်း ရယ်သွမ်းသွေးတတ်သေးတယ်…။
ပင်စည်ကို ကုပ်တွယ်လို့
မထီတရီမော့ကြည့်ရင်း
လှိုက်လှိုက်လှဲလှဲပြုံး
မုန်းစရာကောင်းလောက်အောင်လည်း
တီတာတတ်သေးတယ်….။
(ဆက်ဖတ်ရန်…)

(အစ)
ငြိမ်သက်အိနြေ္ဒရသော နက်ပြာရောင်နောက်ခံတွင် တလက်လက်တောက်ပနေသော ကြယ်ပွင့်ကလေး များကို နှစ်သက်သဘော ကျစွာကြည့်နေမိသည်။ ကျွန်မ သိသော ကြယ်ပွင့်ကလေးတွေ ဘယ်နှစ်ပွင့်ပါသည် လဲ။ တစ်ပွင့်..နှစ်ပွင့်..သုံး လေး ပွင့်….။ အနည်းငယ်မျှသာ။ သို့သော် ထိုကြယ်ပွင့်ကလေးတွေ လက်နှင့် ခပ်ဖွဖွ ထိသပ်မိသည်။ အီလက်ထရောနစ်ဝေ့မှ စာလုံးလေးများ စာရွက်ဖြူလွလွထက် ရောက်ရှိလာခဲ့ပြီ။ လွယ်ကူ သော၊ ချောမွေ့သော၊ ဖြောင့်ဖြူးသော၊ တံတားခင်းသော လမ်းကားမဟုတ်။ သို့သော်..သူတို့ ရောက်ရှိ လာကြ ပြီ။ စာအုပ်ကလေးကသေသေသပ်သပ်၊ ကြယ်ပွင့်ကိုယ်စီ၏ အရိပ်အငွေ့တစ်မျက်နှာစီ။ ၎င်းတို့အနီးသို့ တဖြေး ဖြေးစီ……………..။
(ဆက်ဖတ်ရန်…)
မြစ်ပြင်ဘက်မှ လွန့်လူးပျံ့လွင့်လာသော ရွှံဗွက်နံ့သင်းသော လေပြေအေးတို့သည် လည်းကောင်း၊
သစ်ပင်ရိပ်ကြောင့် နေရောင်မဖြာ အရိပ်ထပ်ထပ်တို့သည် လည်းကောင်း၊
တဒီးဒီးမြည်ဟီး စီးဆင်းသော ဧရာဝတီမြစ်ရေပြင်၏ ရယ်မောသံတို့သည် လည်းကောင်း၊
(ဆက်ဖတ်ရန်…)

အရင်အတိုင်းပဲလား ခရေ…..
တွေ့ရတော့မှာမို့
ရင်မှာ တသိမ့်သိမ့်နဲ့ လှိုင်းကလေးလိမ့်သလို…
ကိုယ်.. ရင်ခုန်ခဲ့ရပါတယ်… ခရေ….။
အဖူးတွေဝေလို့
ပွင့်ဖြူလေးတွေကော ကြွေနေမှာလား ခရေ…
လေတိုက်တိုင်း တရှဲရှဲမြည်သံပေးရင်း
ကိုယ်လာရာလမ်းကို
ခမ်းခမ်းနားနားကြီး ကြိုနေမှာလား.. ခရေ…။
လွမ်းနေခဲ့တာပါ ခရေ…..
မင်းပင်စည်မှာ မှီတွယ်လို့
လွမ်းခဲ့ရတာတွေကို အတိုးချ
ငိုပါရစေလား… ခရေ…..။
တွေ့ရတော့မယ်လား ခရေ…။
လမ်းချိုးကလေးကွေ့လိုက်တာနဲ့
ရင်တွေ ကြိတ်လို့
တိတ်တိတ်လေး ခုန်တယ်ကွယ်..
နှုတ်ခမ်းကအပြုံးလေး
ဘယ်တော့မှ…
မဆုံးသွားစေချင်ဘူး ခရေ…။
(ဆက်ဖတ်ရန်…)
ဆရာမ မေငြိမ်းတင်ဆက်သော ရသစာအုပ်စင်မှ…
စန္ဒယားလှထွဏ်ရဲ့ “ချစ်တဲ့သူငယ်လေ”နောက်ခံ သီချင်းကလေးနဲ့
ကျမရဲ့….. ‘ခရေရှင်’ ရယ်ပါ။